အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁ရ)။
မြန်မာနိုင်ငံသားအလုပ်သမားများသမဂ္ဂ - ဂျပန်ပြည်ရဲ့
အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁ရ)။
"ဂျပန်ရောက်မြန်မာနိုင်ငံသားအလုပ်သမားများရဲ့ စိုးရိမ်ဘွယ် အနာဂတ်"
သမတဦးသိန်းစိန်အစိုးရရဲ့ အပေါ်ယံဟန်ပြ "ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး"နှင့် စေတနာမှန်နှင့် ပြုလုပ်နေတာ ဟုတ်ရဲ့လားလို့ သံသယဖြစ်စရာ "ပြည်ပရောက် မြန်မာနိုင်ငံသားများကို ပြန်လာဖို့ ဖိတ်ခေါ်နေတဲ့ကိစ္စ"တို့ကို အကြောင်းပြုပြီး ဂျပန် နယူကန် (လူဝင်မှုကြီးကြပ်ရေး)က မြန်မာရစ်ဖျူဂျီ (ဒုက္ခသည်)တွေနှင့် မြန်မာရစ်ဖျူဂျီ (ဒုက္ခသည်) လျှောက်ထားဆဲ ပုဂ္ဂိုလ်များပေါ် ဘယ်လိုတုန့်ပြန် လုပ်ဆောင် လာနိုင်သလဲဆိုတာကို ယခုအခါ ဂျပန်ရောက်မြန်မာနိုင်ငံသားအလုပ်သမားများအကြားမှာ ဆွေးနွေးတိုင်ပင်ပြီး၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဖို့ အချိန်တန်နေပါပြီ။
ထို့အပြင် လာမည့် ၂၀၁၂ခုနှစ်၊ ဇူလိုင်လမှာ အသက်ဝင်လာမည့် "နိုင်ငံခြားသား မှတ်ပုံတင် ဥပဒေသစ်" က ဂျပန်ရောက်မြန်မာနိုင်ငံသားအလုပ်သမားများအပေါ် ဘယ်လို ကန့်သတ် ဖိစီးမှုတွေဖြစ်လာစေမှာလဲ ဆိုတာကိုလည်း သိထားဖို့အရေးကြီးပါတယ်။ အထူးသဖြင့် နေထိုင်ခွင့်ဗီဇာ မရှိသူများအတွက် အလွန် စိုးရိမ်ဘွယ် အကျိုးဆက်များရှိနေပါတယ်။ တရားဝင် အလုပ်လုပ်ခွင့် ဆုံးရှုံးဖို့ သေချာသလောက်ဖြစ်နေပြီ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြားများလည်း ကိုင်ဆောင်ခွင့် ရတော့မှာ မဟုတ်တော့ပါဘူး။
အနာဂတ်ကာလတခုအထိ ဂျပန်နိုင်ငံမှာ ဆက်လက်နေထိုင်ရမည့် အခြေအနေရှိနေတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားအလုပ်သမားများ ကလည်း ရေရှည်နေထိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဖို့ကလည်း အလွန် အရေးကြီး နေပါပြီ။ သက်ကြီးပင်စင်ကိစ္စ၊ သားသမီး ပညာရေးကိစ္စ၊ တည်ငြိမ်ပြီး ရေရှည်တည်တန့်မယ့် အလုပ်အကိုင်၊ "အဆင့်မြင့်ပြီး အာမခံရှိတဲ့ ဂျပန်လူမှုလဲုခြုံရေးကွန်ရက်" အတွင်းဝင်ရောက်ခွင့်ရရှိရေး စတဲ့ ကိစ္စရပ်များကို တွေးနွေးနိုင်ရန် မရှိမဖြစ်လိုအပ်နေပါပြီ။
အထက်ဖေါ်ပြပါကိစ္စရပ်များကို ကျွမ်းကျင်သော ဂျပန်အလုပ်သမားသမဂ္ဂအရာရှိတဦးနှင့် ဂျပန်တွင် နေထိုင်လျှက်ရှိသော အမေရိကန် အလုပ်သမားရေး ကျွမ်းကျင်သူတဦးတို့နှင့်အတူ ဆွေးနွေးမည်ဖြစ်ပါသဖြင့် ဂျပန်ရောက်မြန်မာနိုင်ငံသားအလုပ်သမားများ (သမဂ္ဂ၀င်များရော သမဂ္ဂ၀င် မဟုတ်သူများပါ) ပါဝင်ဆွေနွေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည့်နေရာ။ ။ Takabanobaba-Totsuka Chiki Center B-1
新宿区 高田馬場 戸塚地域 センター
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည့်နေရက်။ ။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၃၀)ရက်။
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည့်အချိန်။ ။ မွန်လွဲ (၁)နာရီမှ (၄)နာရီ အထိ။
အင်္ဂလိပ် -မြန်မာ၊ ဂျပန် - မြန်မာ ဘာသာများဖြစ်ဆွေးနွေးပါမည်။ ဂျပန် - မြန်မာ ဘာသာပြန်ကို ဆရာဦးရွှေဘ က ကူညီပေးပါမည်။
No comments:
Post a Comment