THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES OF UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

(၆၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲ


http://www.pnsjapan.org/2010/07/blog-post_18.html

(၆၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲ အခမ်းအနားကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (JAC)မှ ဦးစီး၍ တိုကျိုမြို့ Toshimaku Minami Otsuka Dai Ichi ခမ်းမ၌ ညနေ ၅း၃၀ နာရီ မှ ၉း၀၀ နာရီ အထိ ကျင်းပပြုလုပ် ခဲ့ပါသည်။

ယနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကမှာ စစ်အာဏာရှင်တို့က မြန်မာသမိုင်း အစစ်အမှန်ကို မှေးမှိန်တိမ်ကော ပပျောက်အောင် ကြံစည်ပြုမူ လုပ်ဆောင်နေခြင်းကို ဖယ်ရှားရန် မရှိမဖြစ် လိုအပ်နေသည့်အပြင် လွတ်လပ်ရေးတိုက်ပွဲဝင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများက တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ပေးအပ်ခဲ့တဲ သမိုင်းအမွေအနှစ်ကောင်းများကို အမျိုးသားရေး တာဝန်ကြီးတရပ် အနေဖြစ် ယနေ့ခေတ် မျိုးဆက်လူငယ်များ တာဝန်ကြေစွာ ဆက်လက်ထိမ်းသိမ်းသွားနိုင်ရန် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေးမှာ ယနေ့ မျိုးဆက်သစ် လူငယ်များ ပုခုံးပြောင်းတာဝန်ယူသွားနိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ပါသည်။

အခမ်းအနားတွင်ဂျပန်နိုင်ငံရောက်အဖွဲ့အစည်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်(၇)ဦးတို့မှအမှတ်ပေးဒိုင်များအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး မျိုးဆက်သစ် လူငယ် ၁၁ ဦးတို့က သမိုင်းနောက်ခံ အချက်အလက်
အထောက်အထားများကို ကိုးကား၍ “ အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံ” ခေါင်းစဉ်ဖြစ် စာတမ်းဖတ် ယှဉ်ပြိုင် ဟောပြောသွားခဲ့ကြရာ အကောင်းဆုံ ပထမဆုကို FWUBC မှ ကိုစည်သူကျော် ကလည်းကောင်း၊ ဒုတိယ ဆုကို BDA မှ မအေးနန္ဒာအောင် ကလည်းကောင်း၊ တတိယ ဆုကို DPNS-Jp မှ မကြည်ပြာဇော်ဝင်း မှလည်းကောင်း အသီးသီးရရှိခဲ့ကြပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့် စာတမ်းဖတ်ပြိုင်ပွဲတွင် ပရိတ်သတ် အထူးစိတ်ဝင်စားမှုရရှိပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော မျိုးဆက်သစ် လူငယ်များအား နှစ်သိမ့်ဆုများဖြင့် ဂုဏ်ပြုလက်မှတ်များ ချီမြှင့်ခဲ့ပါသည်။

စာတမ်းဖတ်ပြိုင်ပွဲ ကျင်းပပုံ အစီအစဉ်များကို Burma Campaign Japan (BCJP)(www.burmacampaign.net)မှ ဂျပန်နှင့် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာများပါ ကြည့်ရှုနိုင်ရန်အတွက် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါသည်။ညနေ ၉းး၀၀ နာရီတွင် ပြီးဆုံးခဲ့ပြီ ပထမ ဆုံးအကြိမ် ကျင်းပပြုလုပ်သည့် စာတမ်းဖတ်ပြိုင်ပွဲတွင် တက်ရောက်သူ စုစုပေါင်း ၁၀ဝ ကျော်ခန့် ရှိကြောင်း သိရှိရပါသည်။


သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

Read More...