THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES OF UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Penan Sayardaw Advice

လုပ်ဖော်ကိုင်ဘက်ရောင်းရင်းများခင်ဗျာ

ကျနော် ဟီရိုရှီးမားကနေ ပြန်ရောက်လာခဲ့ပြီးတဲ့နောက် ပီနန်ဆရာတော်ကြီးက တွေ့ချင်တယ် လာဦးလို့ မနွဲ့ကနေ တဆင့်ခေါ်တဲ့အတွက် နိုဝင်ဘာ ၁၅ ရက်နေ့က သွားခဲ့ပါတယ်။ ဟီရိုရှီးမားမှာ နိုဘဲလ်ဆုရှင်တွေ က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ဘာတွေပြောသလဲ၊ ဘာတွေလုပ်သလဲဆိုတာကိုမေးပါတယ်။ ကျနော်က ဟီရိုရှီးမားအစည်းအဝေးတက်တဲ့နေ့မှာ ဒေါ်စုပုံပါတဲ့ Free Aung San Suu Kyi, Free Burma ရင်ထိုးကိုတပ်ပြီး အစည်းအဝေးခန်းထဲအသွားမှာ လမ်းမှာတွေ့တဲ့သတင်းထောက်တွေက ဒေါ်စုကိုယ်စား လှယ်မဟုတ်လား လို့မေးတယ်၊ ကျနော်က ဒေါ်စုကိုထောက်ခံတဲ့ ဂျပန်ရောက်မြန်မာတွေရဲ့ကိုယ်စား လှယ်၊ ဒေါ်စုရဲ့ကိုယ်စား လာတက်တာဖြစ်ပါတယ်လို့ဖြေခဲ့တဲ့အကြောင်းကို ပြောပြပါတယ်။

အစည်းအဝေးခန်းအ၀လည်းရောက်ရော ကျနော့်ရင်ပတ်က ရင်ထိုးကိုတွေ့တဲ့သူတိုင်းက ကျနော့်ကို ၀မ်းသာအားရနဲ့နုတ်ဆက်ကြတဲ့အကြောင်း၊ ကျနော့်အတွက်သတ်မှတ်ပေးထားတဲ့ ကိုယ်စားလှယ် Delegate တွေနေရာမှာ တာဝန်ရှိသူတွေကနေရာချထားပေးတဲ့အကြောင်းပြောပါတယ်။ ဘုန်းတော်ကြီး ဒလိုင်လားမားအစည်းအဝေးခန်းထဲဝင်လာတဲ့အချိန် လူတွေအုံးအုံးကြွက်ကြွက်ဖြစ်လာတဲ့အကြောင်း ကျနော့်ဘေးကဖြတ်သွားတဲ့အချိန်မှာ ကျနော်က ဒလိုင်လားမားလက်ကို ဆွဲကိုင်ပြီး ကျနော် မြန်မာဖြစ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်စားလာရောက်တာဖြစ်ကြောင်းကို ပြောလိုက်တော့ ဘုန်းတော် ကြီးဒလိုင်လားမား မျက်နှာလည်း ၀င်းသွားပြီး ကျေနပ်အားရတဲ့အသံနဲ့ Oh…Good လို့ ပြန်ပြော တဲ့အကြောင်းကို ဆရာတော်ထံရှင်းပြခဲ့ပါတယ်။

ဒေါ်စုပုံ ရင်ထိုးတံဆိပ်ကြောင့် ကျနော့်ကို လူတွေက တရင်းတနှီး တလေးတစားနဲ့မိတ်ဖွဲ့စကားလာပြော ကြတာဖြစ်ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ ဒီလူတွေဟာ ဒေါ်စုနဲ့ သိချင်မှသိပါလိမ့်မယ်။ ဒေါ်စုကို လူ ကိုယ်တိုင် တွေ့ဘူးချင်မှ တွေ့ဘူးပါလိမ့်မယ်။ ဒါပေမဲ့ ဒေါ်စု ပြောတဲ့စကားနဲ့ သူ့အကြောင်းတွေကို သိရှိ ထားလို့ လေးစားတဲ့စိတ်နဲ့ ကျနော့်ကို လာရောက်စကားပြောကြတာဖြစ်ပါတယ်။ အဲဒီလူတွေ ဒေါ်စုနဲ့ လူကိုယ်တိုင်တွေ့ရ စကားပြောရမယ်ဆိုရင်ဘယ်လိုနေမလဲဆိုတာကို စဉ်းစားမိတယ်ဆိုတဲ့အကြောင်း ကိုလည်း ဆရာတော်ကြီးကို ပြောပြခဲ့ပါတယ်။

အဲဒီနောက် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေ ပြောဆိုဆွေးနွေးကြတဲ့အကြောင်းအရာတွေ၊ သူတို့တတွေက ကျနော်တို့တတွေမမြင်မိတဲ့ မတွေးမိတဲ့အကြောင်းအဖြစ်အပျက်အနေအထားတွေကို ပြောဆိုဆွေးနွေး သွားတာတွေဟာ ကျနော့်အတွက် အင်မတန်ဗဟုသုတရတယ်ဆိုတာနဲ့ ဒီလူတွေဘာကြောင့် ကမ္ဘာကျော် ရသလဲဆိုတာကို ကောင်းကောင်းနားလည်ခဲ့တယ်ဆိုတာနဲ့ ကျနော်တို့ရဲ့ခေါင်းဆောင်ဟာလည်း သူတို့ တတွေလိုပဲ ကမ္ဘာကျော်ဖြစ်တယ်ဆိုတာကိုလည်း ဂုဏ်ယူလေးစားမိတဲ့အကြောင်း ပြောခဲ့ပါတယ်။



ဆရာတော်ကြီးက အေး အေး ကောင်းတယ် ကောင်းတယ် လို့ ကျနော့်ကို ပြောပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတဲ့အတွက် သူ့စိတ်ထဲမှာ အင်မတန်မှ ၀မ်းမြောက်မိတဲ့အကြောင်း ပြော ပါတယ်။ နောက်ပြီးတော့ အောင်ဆန်းစုကြည်အတွက် ငါပြောချင်တဲ့စကားနည်းနည်းရှိတယ်ဆိုပြီး အခုလို ပြောပါတယ်။



လက်ရှိအခြေအနေကို ကောင်းကောင်းနားလည်ဖို့လိုအပ်တယ်။ လိမ္မာပါးနပ်မှုရှိဖို့လိုအပ်ပါတယ်တဲ့။



လုပ်စရာရှိတာတွေကို စနစ်တကျနဲ့အစီအစဉ်ဆွဲပြီးလုပ်ပါ၊ ဒါမှအောင်မြင်မှုရမှာ။ ဟိုဘက်ကလူတွေက ဘာကိုပဲလုပ်လုပ် သေသေချာချာစနစ်တကျအစီအစဉ်တကျလုပ်တဲ့အတွက် သူတို့က ငါတို့ကို အသာစီး နဲ့အုပ်ချုပ်နေတာဖြစ်တယ်ဆိုတာကိုသဘောပေါက်ဖို့လိုတယ်တဲ့။



နောက်ပြီးတော့ အောင်ဆန်းစုကြည်က outspoken ဖြစ်တယ်။ တခြားဒီမိုကရေစီနိုင်ငံတွေမှာ ဒါမျိုးပြော လို့ရှိရင် ဘာမှမဖြစ်ဘူး၊ အားလုံးကနားလည်ကြတယ်၊ နားထောင်ကြတယ်၊ ငါတို့နိုင်ငံက ငနဲတွေက ဒါမျိုး မဟုတ်ဘူး၊ ဒီတော့ နည်းနည်းလျှော့ပြီးပြောဖို့လိုလိမ့်မယ်တဲ့။



ကိုယ့်ရဲ့အင်အားစုတွေကို organize ကောင်းကောင်းလုပ်ပါ။ ဒါမှ လိုတဲ့အချိန်မှာ စုစုစည်းစည်းနဲ့လုပ်နိုင် မှာဖြစ်တယ်တဲ့။



နောက်တခုက audience ရဲ့အဆင့်ကိုနားလည်ပါတဲ့။ ပြည်သူတွေကိုပညာပေးပါတဲ့။ ဒို့ပြည်သူအများစုက ဒီမိုကရေစီဆိုတာကို ကောင်းကောင်းနားလည်ကြသေးတာမဟုတ်ဘူး၊ နောက်ပြီး လူတွေကို အသိပညာ အတွေးအခေါ်မြင့်မားလာအောင်လုပ်ပေးဖို့လိုတယ်။ ဒါမှတိုင်းပြည်တိုးတက်မှာ လို့လည်း ပြောသွား ပါတယ်။

------------------------------------------------------------------------



နောက်ပြီးတော့ မြန်မာပြည်အတွက် လှုပ်ရှားလုပ်ကိုင်နေတဲ့သူအားလုံးအတွက်လည်း အခုလိုပြောပါသေး တယ်။

တယောက်နဲ့တယောက် ညီညီညွတ်ညွတ်ရှိကြပါတဲ့။

အဖြစ်အပျက်အကြောင်းအရာမှန်သမျှကို analyse လုပ်ပါတဲ့။ ဒါမှ ဘာကိုဆက်လုပ်ရမလဲဆိုတာ နားလည် မှာဖြစ်တယ်တဲ့။

ငွေကြေးတောင့်တင်းအောင်လုပ်ကြပါတဲ့။ အဖွဲ့အစည်းနဲ့လုပ်ကြပြီဆိုရင် ငွေကြေးကုန်ကျမှုတွေများတာ မို့ ထိထိရောက်ရောက်ရှိဖို့ဆိုရင် ငွေကြေးသုံးနိုင်ဖို့လိုအပ်တယ်တဲ့။

နောက်ပြီးတော့ ကိုယ့်အားကိုယ်ကိုးပါတဲ့။ နိုင်ငံခြားအကူအညီဆိုတာ political interest, economic interest တွေပါတယ်ကွ၊ ဘယ်သူမှ ကိုယ့်အကျိုးတခုခုမရှိပဲနဲ့တော့ အကူအညီပေးမှာမဟုတ်ဘူး၊ NGO တွေမှာ ကိုယ်ကျိုးဆိုတာပါဝင်ကြတာပဲကွ။ ဥပမာ နိုင်ငံတကာကြက်ခြေနီအဖွဲ့တို့ UNHCR တို့လည်း သူတို့ အကျိုးစီးပွားပါကြတာပဲ။ ဒါပေမဲ့ သူတို့လို့အဖွဲ့တွေကိုလည်း ပစ်ပယ်လို့မရဘူး။ ငါတို့ မလုပ်နိုင်တာတွေကို သူတို့လုပ်နိုင်တာတွေရှိလို့ပဲ။ ဒီတော့ သူတို့လိုအဖွဲ့တွေရဲ့ အကူအညီကတော့ လိုအပ်တာပဲလို့ ပြောခဲ့ပါတယ်။



ဆရာတော်ကြီးဟာအသက်ကြီးနေပြီဖြစ်ပေမဲ့လည်း အတွေးအခေါ်အယူအဆဟာ ခေတ်မီပါတယ်။ မြန်မာ့ လူမှုအသိုင်းအ၀ိုင်းကို ပြောင်းလဲတိုးတက်စေလိုတဲ့စိတ်နဲ့ အမြဲစဉ်းစားလုပ်ကိုင်နေတဲ့သူဖြစ်တယ်ဆိုတာ ကို သူနဲ့အေးအေးဆေးဆေးစကားပြောခွင့်ရတဲ့အတွက် သိခဲ့ရပါတယ်။

သူက ဆန္ဒပြင်းပြရင်၊ အဲဒီအတွက် ကြိုးစားရင် အောင်မြင်မှာပဲ လို့ဆိုပါတယ်။ သူနိုင်ငံခြားထွက်လာတဲ့ အချိန်မှာ ပိုက်ဆံမရှိဘူး။ သာသနာပြုလုပ်ငန်းလုပ်ချင်စိတ်ဆိုတဲ့ဆန္ဒနဲ့ နည်းအမျိုးမျိုးကိုစဉ်းစားပြီး ကြိုးပမ်းခဲ့လို့ ပီနန်၊ ကွာလာလမ်ပူ၊ စင်္ကာပူ၊ အမေရိကန်၊ သြစတြေးလျား၊ အင်္ဂလန် စတဲ့နိုင်ငံတွေမှာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေ တည်နိုင်တာ သာသာနာပြုနိုင်တာဖြစ်တယ်။ ဒါကြောင့် အမြဲပဲ ကြိုးစားပြီး အလုပ်လုပ်ကြကွ လို့ ကျနော့်ကို သြ၀ါဒပေးပါတယ်။

ဒီအကြောင်းတွေကို ကျနော်ရဲ့လုပ်ဖော်ကိုင်ဘက်ရောင်းရင်းတွေကို အခုလို အသိပေးတာဖြစ်ပါတယ်။



ကျော်ကျော်စိုး

နိုဝင်ဘာ ၁၆ ။ ၂၀၁၀ ခုနှစ်

Read More...

PRESS RELEASE BY FTUB ABOUT DAW AUNG SAN SUU KYI

2010

Read More...

DAW AUNG SAN SUU KYI PRESS RELEASE(FROM U MG MG HLA KYAING)

15-11-2010-Brief Notes of Daw Aung San Suu Kyi Press Release

Read More...

Obama welcomes release of Aung San Suu Kyi

Sat Nov 13, 7:52 am ET


YOKOHAMA, Japan – President Barack Obama on Saturday welcomed Myanmar's decision to release a "hero of mine," democracy leader Aung San Suu Kyi, following the expiration of her latest term of detention.



In a statement issued from Japan where he was attending a regional economic summit, Obama said he welcomed Suu Kyi's "long overdue release" and issued a new call for the military leadership in Myanmar, also known as Burma, to free its remaining political prisoners.



Obama said Suu Kyi's release doesn't change the fact that she and the political opposition she represents has been "systematically silenced" and denied an opportunity to take part in political processes that could change her country.



"While the Burmese regime has gone to extraordinary lengths to isolate and silence Aung San Suu Kyi, she has continued her brave fight for democracy, peace, and change in Burma," Obama said. "She is a hero of mine and a source of inspiration for all who work to advance basic human rights in Burma and around the world."



"The United States welcomes her long overdue release," he said.



Myanmar released its archrival on Saturday after the expiration of her 7 1/2-year period of detention. The 65-year-old Nobel Peace Prize laureate has become a powerful symbol of the struggle for democracy in the Southeast Asian nation.



Suu Kyi's freedom also came a week after Myanmar's first election in 20 years, balloting that was swept by the military's proxy political party and condemned by Obama and other Western leaders as a sham to keep the junta in power.



During a visit to India last Sunday, Obama said Myanmar's election "will be anything but free and fair," and said that, for too long, "the people of Burma have been denied the right to determine their own destiny."



Suu Kyi's pro-democracy party won a landslide victory in the 1990 election, but was barred from taking office. She had been under house arrest for most of her life since then, after the ruling generals ignored the poll results.

Read More...

07-11-2010-BURMA SHAM ELECTIONS-THE JUNTA WAY(BY BBC)

Read More...

(JTUC-RENGO)နှင့် မြန်မာ့ဒီမိုကရေစီရေး အင်အားစုများ ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး နှင့်တွေ့ ဆုံဆွေးနွေး

FRIDAY, NOVEMBER 5, 2010
(JTUC-RENGO)နှင့် မြန်မာ့ဒီမိုကရေစီရေး အင်အားစုများ ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး နှင့်တွေ့ ဆုံဆွေးနွေး


၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့ ညနေ (၅)နာရီ (၁၅)မိနစ်တွင် တိုကျိုမြို့  ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယုတက ဘန်နို နှင့် JTUC-RENGO ကိုယ်စားလှယ်များ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး အင်းအားစုများ အကြား လာမည့်(၀၇-၁၁-၂၀၁၀)နေ့ တွင် မြန်မာ စစ်အုပ်စုမှ မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့ပါသည်။


အထက်ပါ ဆွေးနွေးပွဲကို မကြာခင်ကာလက ဟော်လန်နိုင်ငံ ဘရတ်ဆယ်မြို့တွင် ကျင်းပ ပြီးစီးခဲ့သော အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် (ITUC)၏ ဆုံးဖြတ်ချက် နှင့်အညီ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသား အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(FTUB)၏တင်ပြ အကူအညီ တောင်းခံချက်အရ တကမ္ဘာလုံးရှိ ITUC မှမိမိတို့ သက်ဆိုင်ရာ နိုင်ငံအလိုက် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲ ကိုဆန့်ကျင် ကန့်ကွက်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (JTUC-RENGO)၊မြန်မာ့ရေးရာရုံး-ဂျပန် နှင့် ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (EBC-JAPAN)တို့နှင့် ညှိနှိုင်း၍ ဤဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင် ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲသို့  ဂျပန်နိုင်ငံအစိုးရဘက်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယုတခ ဘန်နို နှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနတာဝန်ခံများ တက်ရောက်ခဲ့ပြီး JTUC-RENGO ကိုယ်စား အထွေထွေအတွင်းရေးမှူး မစ္စတာ ဟီရိုယုခိ နဂမို နှင့် နိုင်ငံခြားရေးရာ ညွှန်ကြားရေးမှူး မစ္စတာ မာစယုခိ ရှီယိုတာ တို့ ကဦးဆောင်၍ မြန်မာ့ရေးရာရုံး ဒါရိုက်တာ ဒေါက်တာမင်းညို၊ ဒေါ်ခင်ဆွေအေး (FTUB JAPAN REP.) ၊ ဦးထင်ကျော်(ဒု-ဥက္ကဌ-NLD-LA-JAPAN)၊ ဦးမိုင်ကျော်ဦး (NDF-Japan/AUN)၊ ဦးမြင့်မောင်(အထွေထွေအတွင်းရေးမှူး-LDB)၊ ဦးမင်းမျိုးချစ်(ဥက္ကဌ-PMNS-Japan/AUN)တို့ တက်ရောက် ခဲ့ကြပြီး ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေးကော်မတီ(EBC-JAPAN)ကိုယ်စား ဦးမြတ်သူ(DPNS-JAPAN) နှင့် ဦးဘုန်းလှိုင်(ဒု-ဥက္ကဌ-FWUBC) တို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲမှာ JTUC-RENGO အထွေထွေအတွင်းရေးမှူးမှ မြန်မာ့အရေး ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်ကြောင်း မိတ်ဆက်ပြီး မြန်မာ့ရေးရာရုံး ဒါရိုက်တာ ဒေါက်တာမင်းညိုမှ နအဖ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်ပြုလုပ်မည့် ၂၀၀၈ အခြေခံ ဥပဒေ အပေါ်အခြေခံသည့် ရွေးကောက်ပွဲဖြစ်၍ မိမိတို့ အနေနှင့် ဆန့်ကျင်ကြောင်း နှင့်လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ဖိအားမပေးပါက နအဖ အနေဖြင့် တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် စိတ်ဝင်စားမည် မထင်ကြောင်း လုံလောက်သော ဖိအားပေးမှသာ စစ်မှန်သောတွေ့ ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် ဖိအား များများပေးစေလိုကြောင်း-ဥပမာ-Selected Sanction – အကန့် အသတ်နှင့် စီးပွားရေးပိတ်ဆို့ မှုပြုလုပ်ခြင်းမျိုးကို ပြုလုပ်စေလိုကြောင်း ဥပမာပေး ပြောကြားသွားသည်။

NDF-JAPAN ကိုယ်စားလှယ် ဦးမိုင်ကျော်ဦးမှ- မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲကို တိုင်းရင်းသားများ အနေဖြင့်လည်း လက်မခံနိုင်ကြောင်း အဆိုပါ ရွေးကောက်ပွဲအပြီးတွင် ဆက်လက်ကျင့်သုံးမည့် ၂၀၀၈ အခြေခံ ဥပဒေသည် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံ ထားခြင်းမရှိကြောင်းနှင့် အဆိုပါ ရွေးကောက်ပွဲ အပြီးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမျာတို့ကို နအဖ စစ်တပ်မှ စစ်ရေးဖြစ် ဖြေရှင်းနိုင်သည့် အလားအလာ အလွန်များကြောင်း နအဖ တို့က လက်နက်ကြီးများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်စခန်းများ အနီးသို့ ရွှေ့ပြောင်း နေရာချထား လျှက်ရှိကြောင်း နှင့် အဆိုပါစစ်ပွဲ မဖြစ်ပွားစေရန် ဂျပန်နိုင်ငံအစိုးရမှ အကူအညီ ပေးပါရန် မေတ္တာရပ်ခံခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ကော်မတီကိုယ်စား ဦးမြတ်သူမှ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်သန်းရွှေ တို့အကြားဆွေးနွေးပွဲ ဖြစ်မြောက်ရန် ရွေးကောက်ပွဲ မတိုင်ခင်ရော နောက်ပိုင်းတွင် ပါ ဂျပန်နိုင်ငံအစိုးရမှ နအဖ အားဖိအား အဆက်မပြတ် ပေးစေ ချင်ကြောင်းနှင့် ရွေးကောက်ပွဲဆန့် ကျင်ရေးကာလာမှ ပြီးဆုံးသွားပြီဟု မိမိအနေဖြင့် ယူဆကြောင်း နှင့် ရွေးကောက်ပွဲ ကာလ နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီး အရေးယူ ထောင်ချမှုများ ညှင်းပမ်း နှိပ်စက်မှုများ ပိုမိုတိုးပွားလာမည့် အလားအလာများ အလွန်များလျှက် ရှိသောကြောင့် ထိုသို့ မဖြစ်လာစေရန် ဂျပန်နိုင်ငံ အစိုးရအနေဖြင့် နအဖ အား ဖိအားပေးရန် မြန်မာနိုင်ငံ အတွင်းမှ မေတ္တာရပ်ခံ လာပါကြောင်း ပြောကြားသွားပါသည်။

ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးမှ ပြန်လည် ဆွေးနွေးရာတွင် မိမိအနေဖြင့် ယခု လွှတ်တော် အစည်းအဝေး ကျင်းပနေချိန် အတွင်းလာရောက် တွေ့ဆုံခြင်းဖြစ်ပြီး မိမိအားတကူးတက စောင့် ပေးသည့်အတွက် ကျေးဇူး အထူးတင်ပါကြောင် ပြောကြားပြီး မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် အာရှ တိုက်တွင် အလွန်ရင်းနှီးသော နိုင်ငံများဖြစ်ကြောင်း ယနေ့ ကြွရောက်လာသော ခေါင်းဆောင်များ အနေဖြင့် ရှေ့မတိုး နောက်မဆုတ်နိုင် ဖြစ်နေသော မြန်မာနိုင်ငံ အခြေအနေအတွက် အလွန်စိုးရိမ် ပူပန်လျှက်ရှိသည်ကို မိမိအနေဖြင့် သဘောပေါက်ပါကြောင်း မြန်မာနိုင်ငံအရေးကို ဝန်ကြီးချုပ် ခန် နှင့် နိုင်ငံခြားရေးဝန်ကြီး မိုင်းဟာရ တို့နှင့် တိုင်ပင်၍ ဆောင်ရွက်လျှက် ရှိပါကြောင်း ပြီးခဲ့သော (၃၀-၁၀-၂၀၁၀) အေပက် ညီလာခံတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ ဆုံပြီး ဂျပန်နိုင်ငံ၏ သဘောထားကို ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း ဖိအားပေး နေပါကြောင်း ကုလသမဂ္ဂတွင် မစ္စတာကင်တားနားမှ တင်ပြထားသော မြန်မာပြည်ဆိုင်ရာ လူ့ အခွင့်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ရန်ကိစ္စကို အလေးထား ဆွေးနွေးနေပါကြောင်း အခုအချိန်အထိ တံခါးဖွင့်ထားဆဲ ဖြစ်ပါကြောင်း မိမိအနေဖြင့် မြန်မာနိုင်ငံသားများနှင့် ထပ်တူထပ်မျှ ခံစားချက်ရှိပါကြောင်း ကိုယ်ချင်းစာပါကြောင်း ပြောကြားသွားပါသည်။

သတင်းမှတ်တမ်း ။ ဘုန်းလှိုင်-FWUBC

Read More...