THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES OF UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

(JTUC-RENGO)နှင့် မြန်မာ့ဒီမိုကရေစီရေး အင်အားစုများ ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး နှင့်တွေ့ ဆုံဆွေးနွေး

FRIDAY, NOVEMBER 5, 2010
(JTUC-RENGO)နှင့် မြန်မာ့ဒီမိုကရေစီရေး အင်အားစုများ ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး နှင့်တွေ့ ဆုံဆွေးနွေး


၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့ ညနေ (၅)နာရီ (၁၅)မိနစ်တွင် တိုကျိုမြို့  ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယုတက ဘန်နို နှင့် JTUC-RENGO ကိုယ်စားလှယ်များ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး အင်းအားစုများ အကြား လာမည့်(၀၇-၁၁-၂၀၁၀)နေ့ တွင် မြန်မာ စစ်အုပ်စုမှ မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့ပါသည်။


အထက်ပါ ဆွေးနွေးပွဲကို မကြာခင်ကာလက ဟော်လန်နိုင်ငံ ဘရတ်ဆယ်မြို့တွင် ကျင်းပ ပြီးစီးခဲ့သော အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် (ITUC)၏ ဆုံးဖြတ်ချက် နှင့်အညီ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသား အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(FTUB)၏တင်ပြ အကူအညီ တောင်းခံချက်အရ တကမ္ဘာလုံးရှိ ITUC မှမိမိတို့ သက်ဆိုင်ရာ နိုင်ငံအလိုက် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲ ကိုဆန့်ကျင် ကန့်ကွက်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (JTUC-RENGO)၊မြန်မာ့ရေးရာရုံး-ဂျပန် နှင့် ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (EBC-JAPAN)တို့နှင့် ညှိနှိုင်း၍ ဤဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင် ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲသို့  ဂျပန်နိုင်ငံအစိုးရဘက်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယုတခ ဘန်နို နှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနတာဝန်ခံများ တက်ရောက်ခဲ့ပြီး JTUC-RENGO ကိုယ်စား အထွေထွေအတွင်းရေးမှူး မစ္စတာ ဟီရိုယုခိ နဂမို နှင့် နိုင်ငံခြားရေးရာ ညွှန်ကြားရေးမှူး မစ္စတာ မာစယုခိ ရှီယိုတာ တို့ ကဦးဆောင်၍ မြန်မာ့ရေးရာရုံး ဒါရိုက်တာ ဒေါက်တာမင်းညို၊ ဒေါ်ခင်ဆွေအေး (FTUB JAPAN REP.) ၊ ဦးထင်ကျော်(ဒု-ဥက္ကဌ-NLD-LA-JAPAN)၊ ဦးမိုင်ကျော်ဦး (NDF-Japan/AUN)၊ ဦးမြင့်မောင်(အထွေထွေအတွင်းရေးမှူး-LDB)၊ ဦးမင်းမျိုးချစ်(ဥက္ကဌ-PMNS-Japan/AUN)တို့ တက်ရောက် ခဲ့ကြပြီး ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေးကော်မတီ(EBC-JAPAN)ကိုယ်စား ဦးမြတ်သူ(DPNS-JAPAN) နှင့် ဦးဘုန်းလှိုင်(ဒု-ဥက္ကဌ-FWUBC) တို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲမှာ JTUC-RENGO အထွေထွေအတွင်းရေးမှူးမှ မြန်မာ့အရေး ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်ကြောင်း မိတ်ဆက်ပြီး မြန်မာ့ရေးရာရုံး ဒါရိုက်တာ ဒေါက်တာမင်းညိုမှ နအဖ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်ပြုလုပ်မည့် ၂၀၀၈ အခြေခံ ဥပဒေ အပေါ်အခြေခံသည့် ရွေးကောက်ပွဲဖြစ်၍ မိမိတို့ အနေနှင့် ဆန့်ကျင်ကြောင်း နှင့်လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ဖိအားမပေးပါက နအဖ အနေဖြင့် တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် စိတ်ဝင်စားမည် မထင်ကြောင်း လုံလောက်သော ဖိအားပေးမှသာ စစ်မှန်သောတွေ့ ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် ဖိအား များများပေးစေလိုကြောင်း-ဥပမာ-Selected Sanction – အကန့် အသတ်နှင့် စီးပွားရေးပိတ်ဆို့ မှုပြုလုပ်ခြင်းမျိုးကို ပြုလုပ်စေလိုကြောင်း ဥပမာပေး ပြောကြားသွားသည်။

NDF-JAPAN ကိုယ်စားလှယ် ဦးမိုင်ကျော်ဦးမှ- မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲကို တိုင်းရင်းသားများ အနေဖြင့်လည်း လက်မခံနိုင်ကြောင်း အဆိုပါ ရွေးကောက်ပွဲအပြီးတွင် ဆက်လက်ကျင့်သုံးမည့် ၂၀၀၈ အခြေခံ ဥပဒေသည် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံ ထားခြင်းမရှိကြောင်းနှင့် အဆိုပါ ရွေးကောက်ပွဲ အပြီးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမျာတို့ကို နအဖ စစ်တပ်မှ စစ်ရေးဖြစ် ဖြေရှင်းနိုင်သည့် အလားအလာ အလွန်များကြောင်း နအဖ တို့က လက်နက်ကြီးများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်စခန်းများ အနီးသို့ ရွှေ့ပြောင်း နေရာချထား လျှက်ရှိကြောင်း နှင့် အဆိုပါစစ်ပွဲ မဖြစ်ပွားစေရန် ဂျပန်နိုင်ငံအစိုးရမှ အကူအညီ ပေးပါရန် မေတ္တာရပ်ခံခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ကော်မတီကိုယ်စား ဦးမြတ်သူမှ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်သန်းရွှေ တို့အကြားဆွေးနွေးပွဲ ဖြစ်မြောက်ရန် ရွေးကောက်ပွဲ မတိုင်ခင်ရော နောက်ပိုင်းတွင် ပါ ဂျပန်နိုင်ငံအစိုးရမှ နအဖ အားဖိအား အဆက်မပြတ် ပေးစေ ချင်ကြောင်းနှင့် ရွေးကောက်ပွဲဆန့် ကျင်ရေးကာလာမှ ပြီးဆုံးသွားပြီဟု မိမိအနေဖြင့် ယူဆကြောင်း နှင့် ရွေးကောက်ပွဲ ကာလ နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီး အရေးယူ ထောင်ချမှုများ ညှင်းပမ်း နှိပ်စက်မှုများ ပိုမိုတိုးပွားလာမည့် အလားအလာများ အလွန်များလျှက် ရှိသောကြောင့် ထိုသို့ မဖြစ်လာစေရန် ဂျပန်နိုင်ငံ အစိုးရအနေဖြင့် နအဖ အား ဖိအားပေးရန် မြန်မာနိုင်ငံ အတွင်းမှ မေတ္တာရပ်ခံ လာပါကြောင်း ပြောကြားသွားပါသည်။

ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးမှ ပြန်လည် ဆွေးနွေးရာတွင် မိမိအနေဖြင့် ယခု လွှတ်တော် အစည်းအဝေး ကျင်းပနေချိန် အတွင်းလာရောက် တွေ့ဆုံခြင်းဖြစ်ပြီး မိမိအားတကူးတက စောင့် ပေးသည့်အတွက် ကျေးဇူး အထူးတင်ပါကြောင် ပြောကြားပြီး မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် အာရှ တိုက်တွင် အလွန်ရင်းနှီးသော နိုင်ငံများဖြစ်ကြောင်း ယနေ့ ကြွရောက်လာသော ခေါင်းဆောင်များ အနေဖြင့် ရှေ့မတိုး နောက်မဆုတ်နိုင် ဖြစ်နေသော မြန်မာနိုင်ငံ အခြေအနေအတွက် အလွန်စိုးရိမ် ပူပန်လျှက်ရှိသည်ကို မိမိအနေဖြင့် သဘောပေါက်ပါကြောင်း မြန်မာနိုင်ငံအရေးကို ဝန်ကြီးချုပ် ခန် နှင့် နိုင်ငံခြားရေးဝန်ကြီး မိုင်းဟာရ တို့နှင့် တိုင်ပင်၍ ဆောင်ရွက်လျှက် ရှိပါကြောင်း ပြီးခဲ့သော (၃၀-၁၀-၂၀၁၀) အေပက် ညီလာခံတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ ဆုံပြီး ဂျပန်နိုင်ငံ၏ သဘောထားကို ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း ဖိအားပေး နေပါကြောင်း ကုလသမဂ္ဂတွင် မစ္စတာကင်တားနားမှ တင်ပြထားသော မြန်မာပြည်ဆိုင်ရာ လူ့ အခွင့်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ရန်ကိစ္စကို အလေးထား ဆွေးနွေးနေပါကြောင်း အခုအချိန်အထိ တံခါးဖွင့်ထားဆဲ ဖြစ်ပါကြောင်း မိမိအနေဖြင့် မြန်မာနိုင်ငံသားများနှင့် ထပ်တူထပ်မျှ ခံစားချက်ရှိပါကြောင်း ကိုယ်ချင်းစာပါကြောင်း ပြောကြားသွားပါသည်။

သတင်းမှတ်တမ်း ။ ဘုန်းလှိုင်-FWUBC

0 comments: