THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES OF UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon
Showing posts with label OPINIOM. Show all posts
Showing posts with label OPINIOM. Show all posts

တခြားသော အမျိုးသားကို မုန်းတီးခြင်းသည် အမျိုးသားရေး မဟုတ်ဟု ဒေါ်စုပြောကြား

တခြားသော အမျိုးသားကို မုန်းတီးခြင်းသည် အမျိုးသားရေး မဟုတ်ဟု ဒေါ်စုပြောကြား
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 11 ရက် 2009 ခုနှစ် 15 နာရီ 22 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ တခြားသော အမျိုးသားများကို မုန်းတီးခြင်းသည် အမျိုးသားရေး မဟုတ်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

”သူ (ဒေါ်အောင်ဆန်းစုကြည်) တခုပဲ ပြောပါတယ်။ အမျိုးသားရေးဆိုတာ အင်မတန်ကောင်းတယ်။ အမျိုးသားရေးဆိုတာ ကိုယ့်အမျိုးသားကို ကောင်းစားစေချင်တဲ့ စေတနာ မေတ္တာတွေ ကောင်းတယ်။ ဒါပေမယ်လို့ တခြားအမျိုးသားကို ထိခိုက်စေတဲ့ဟာ၊ တခြားအမျိုးသားကို မုန်းတီးတာဟာ အမျိုးသားရေး မဟုတ်ဘူးဆိုတာပဲ ပြောလိုက်တယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည် ပြောစကားကို ကိုးကား၍ မဇ္ဈိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်

ရှေ့နေလည်းဖြစ်သော ဦးဥာဏ်ဝင်းနှင့် နေအိမ်ချုပ်ကျခံနေရသော ပါတီခေါင်းဆောင်တို့ ယနေ့နံနက်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြရာ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယနေ့သည် မြန်မာ့ရိုးရာ ပြက္ခဒိန်အားဖြင့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ဖြစ်ပြီး ၈၉ နှစ်မြောက် အမျိုးသားနေ့ ဖြစ်သည်။ အင်္ဂလိပ် ကိုလိုနီ အစိုးရလက်အောက် ၁၉၂၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပညာရေးအဆင့် မြှင့်တင်စေလိုသော ကောလိပ်ကျောင်းသားများ၏ သပိတ်စတင်သောနေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြသည်။

စစ်အစိုးအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အမျိုးသားနေ့မိန်းခွန်း ပြောကြားသည်ကို ယနေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မျက်မှောက်ကာလတွင် ခေတ်သစ်ကိုလိုနီနယ်ချဲ့ နိုင်ငံကြီးများက အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး နယ်ပယ်အသီးသီး ကို လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီး၏ ပြောဆိုသည့် စကားကို ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေသည့်အတွက် ပြည်သူများက ပူးပေါင်း ဆောင်ရွက်ရန်လည်း တောင်းဆို လိုက်သေးသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၊ သြစတြေးလျား အပါအဝင် စီးပွားရေးနှင့် သံတမန်ရေးရာ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရေးတွင် ပါဝင်ကူညီပေးမည်ဆိုသော ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်က စစ်ခေါင်းဆောင်ထံ စာရေးသား ပေးပို့ပြီးနောက် နောက်ဆက်တွဲ အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် အများပြည်သူ မြင်ကွင်းတွင် ပြန်လည်ပေါ်ထွက်လာခဲ့ကာ သူမ၏ ပြောစကားများလည်း တဆင့်စကားအဖြစ် ပုံမှန်ထွက်ပေါ်လာနေခဲ့သည်။

ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်တွင် ကျင်းပသော အမျိုးသားနေ့ အခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည်က ဦးဥာဏ်ဝင်းမှတဆင့် နှုတ်ဖြင့် သဝဏ်လွှာပါး ကျေးဇူးတင်စကား ဆိုလိုက်သည်။ ပြည်နယ်နှင့် တိုင်း အသီးသီးမှ ခေါင်းဆောင်များ မအားလပ်သည့်ကြားမှ အခမ်းအနား တက်ရောက်ခြင်းအပေါ် ကျေးဇူးတင်သည်ဟု သူမက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် ထပ်မံတောင်းဆိုလိုက်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင် များအား အမြန်ဆုံးလွှတ်ပေးရန် လိုအပ်သည်ဟု ဆိုသည်။

ထို့အပြင် အဖွဲ့ချုပ် ရုံးများကို ကာလရှည်ကြာ ပိတ်ထားခြင်းမှ ပြန်လည်ဖွင့်ခွင့်ပြုရန်နှင့် လွတ်လပ်စွာ စည်းရုံးခွင့်၊ တရားဝင် စည်းရုံးခွင့်ပေးရန်၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲတွင် အနိုင်ရပြီးမှ ဖျက်သိမ်းခံပါတီများ အပါအဝင် နိုင်ငံရေးပါတီများကို နိုင်ငံရေး မှတ်ပုံတင်ခွင့်ပေး၍ စည်းရုံးခွင့်ပြုရန်တို့ကို စစ်အစိုးရအနေဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အမျိုးသားနေ့ အထိန်းအမှတ်အဖြစ် “ဒီအမျိုးသားနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို နှုတ်နဲ့ သဝဏ်လွှာပါးခွင့်ရတာဟာ ထူးခြားတယ်လို့ ပြောချင်ပါတယ်။ မြန်မာ့နိုင်ငံအရေး ပြေလည်မှု အလားလာ တိုးတက်လာသလားလို့ မျှော်လင့်နိုင်တယ်ဆိုရင်တော့ အားတက်စရာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဝါရင့်နိုင်ငံရေးသမားများ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ - CRPP နှင့် ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အပါအဝင် လူဦးရေ ၁၀၀၀ ခန့် တက်ရောက် ခဲ့သည်။

မြန်မာ့နိုင်ငံရေး ဖြတ်သန်းမှုတွင် ကာလရှည်စွာ ပါဝင်လာခဲ့သည့် ဝါရင့်နိုင်ငံရေးသမားအစုကလည်း တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ပါဟု ပြောဆိုလိုက်သည်။

Read More...

”အကျဉ်းအကြပ်အနေအထားသို့ ရောက်နေသည့် ဗမာပြည်”

http://laminkhinkhin.blogspot.com/2009/10/blog-post_19.html




Monday, October 19, 2009

ဒ်ါစမ်းစမ်း (အမ်ပီယူ၊ ဆိပ်ကမ်းမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်)



အောက်တိုဘာ ၁၈၊ ၂၀၀၉

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် “အကျဉ်းအကြပ်အနေအထားသို့ ရောက်နေသည့် ဗမာပြည်” ခေါင်းစဉ်ဖြင့် လက်ရှိ ဗမာ့နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ လူထုနှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သြစတြေးလျဌာနခွဲမှ ကမကထလုပ်ပြီး တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဗမာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် အတူပူးပေါင်း၍ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ရီဂျင့်ပန်းခြံ လူထုခန်းမတွင် လက်ရှိဗမာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး လူထုနှီးနှောဖလှယ်ပွဲတရပ်ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ လူထုနှီးနှောဖလှယ်ပွဲတွင် နိုင်ဖေသိန်းဇြာ (ဥက္ကဋ္ဌ၊ မွန်အမျိုးသားကောင်စီ)မှ “တိုင်းရင်းသား ပြဿနာနှင့် စစ်တပ်အာဏာ” ခေါင်းစဉ်ဖြင့်၎င်း၊ စောလွင်ဦး (နိုင်ငံလုံးဆိုင်ရာဥက္ကဋ္ဌ၊ သြစတြေးလျကရင်အစည်းအရုံး)မှ “ကရင် လက်နက်ကိုင်တော်လှန်ရေးအပေါ် ကရင်တိုင်းရင်းသားတို့၏ ရှု့မြင်ချက်” ခေါင်းစဉ်ဖြင့်၎င်း၊ ပါမောက္ခ ဒေါက်တာ သန်းနိုင် (ဥက္ကဋ္ဌ၊ ဗမာလူမျိုးစုလူမှုရေးအဖွဲ့)မှ “Sanctions and Engagement” ခေါင်းစဉ်ဖြင့်၎င်း၊ ဒေါ်စန်းစန်း (ဒုတိယဥက္ကဋ္ဌ၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ဗမာနိုင်ငံ)မှ “လက်ရှိ ဗမာ့နိုင်ငံရေး အကြပ်အတည်းနှင့် ရွှေဂုံတိုင်ကြေညာစာတမ်း” ခေါင်းစဉ်ဖြင့်၎င်း ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ယင်း လူထုနှီးနှောဖလှယ်ပွဲသို့ ၈၈ ကျောင်းသားဟောင်းအဖွဲ့၊ ABSDF(Australia)၊ သြစတြေးလျကရင်အစည်းအရုံး၊ ဗမာလူမျိုးစုလူမှုရေးအဖွဲ့ (ဆစ်ဒနီမြို့)၊ Burma Campaign (Sydney)၊ မြန်မာလူငယ်များအဖွဲ့ချုပ် (သြစတြေးလျ)၊ မြန်မာလူမျိုးစု မြန်မာ့အသံ၊ Burma Office နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သြစတြေးလျ ဌာနခွဲမှ အဖွဲ့ဝင်များ၊ ဦးဆောင်သူများ စုံညီစွာ တက်ရောက် ဆွေးနွေးခဲ့ကြပြီး နှီးနှောဖလှယ်ပွဲ တက်ရောက်သူ စုစုပေါင်း (၇၀)ဦး ရှိကြောင်း သိရှိရပါသည်။

အဆိုပါ လူထုနှီးနှောဖလှယ်ပွဲတွင် ၁၉၉၀ရွေးကောက်ပွဲမှ ရွေးကောက် တင်မြောက်ခြင်း ခံခဲ့ကြရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးတင်ထွဋ် (ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ အမှတ်-၁ မဲဆန္ဒနယ်)နှင့် ဦးမောင်မောင်အေး (မန္တလေးတိုင်း၊ အရှေ့မြောက်မြို့နယ် အမှတ်-၁ မဲဆန္ဒနယ်)တို့လည်း ဒေါ်စန်းစန်း (ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့်အတူ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါ လူထုနှီးနှောဖလှယ်ပွဲမှ ဆုံးဖြတ်ချက် (၄)ရပ်နှင့် မှတ်တမ်းတင်ခြင်း (၁)ရပ်တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ နအဖစစ် အစိုးရအပေါ် လက်နက်တင်ပို့ခြင်း၊ တင်သွင်းခြင်းများအား တကမ္ဘာလုံး အတိုင်းအတာဖြင့် ပိတ်ဆို့ဟန့်တားသွားရေး ကမ္ဘာ့ကုလသမဂ္ဂမှ ကျင့်သုံးအကောင်အထည်ဖေါ်ရန် အရှေ့တီမောနိုင်ငံ သမ္မတကြီး ဒေါက်တာဂျို့စ်ရာမိုစ့်ဟောတာ၏ တိုက်တွန်း နိုးဆော်ချက်ကို အဆိုပါ လူထုနှီးနှောဖလှယ်ပွဲမှ ၀မ်းမြောက်ဝမ်းသာစွာ ဖြင့် မှတ်တမ်းတင်ခဲ့ပြီး ဆုံးဖြတ်ချက်များကို အောက်ပါအတိုင်း ချမှတ်ခဲ့ကြပါသည်။

(၁) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားလူမျိုးများ အပါအ၀င် ပြည်သူအပေါင်း၏ အကျိုးစီးပွားကို ရှေးရှု့ခြင်းမရှိသည့်၊ လက်ခံနိုင်ဖွယ်မရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် သတ်မှတ်ဆုံးဖြတ်ခြင်း။

(၂) ယင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ရန်ရှိသည့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲသည်လည်း စစ်အာဏာရှင် စနစ်ကို တရားဝင် အသက်ဆက်ပေးမည့် နအဖစစ်အစိုးရ၏ ဆောင်ရွက်ချက်အဖြစ် သတ်မှတ်ကာ ၂၀၁၀ ရွေးကောက်ပွဲကို ပြင်းထန်စွာ ရှုံ့ချ၊ ကန့်ကွက်ကြောင်း ဆုံးဖြတ်ခြင်း။

(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းပါ ရပ်တည်ချက်သဘောထားများကို ထောက်ခံ ကြောင်း ဆုံးဖြတ်ခြင်း။

(၄) နအဖစစ်အစိုးရနှင့် ပြည်ပအစိုးရများအကြား ပေါ်ပေါက်လာရန်ရှိသည့် ပိုမိုထိတွေ့ဆက်ဆံမှုရေးမူဝါဒနှင့် ယင်းမူဝါဒပါ လုပ်ငန်းစဉ်များသည် စစ်အစိုးရ၊ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများအကြား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ဦးတည်စေမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များသာ ဖြစ်သင့်ကြောင်း ဆုံးဖြတ်ခြင်း။

ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ လူထုနှီးနှောဖလှယ်ပွဲသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ်ကို ၂၀၀၉ခုနှစ်၊ သြဂုတ်လ(၁၆)ရက်တွင် ကျင်းပပြီးစီးခဲ့ကြောင်းလည်း သိရှိပါသည်။ ဗမာ့နိုင်ငံရေး အခြေအနေများအပေါ် အခြေခံပြီး ဗမာပြည်ဒီမိုကရေစီပြန်လည် ထွန်းကားရေးအတွက် လူထုအင်အားတရပ် ပြည်ပ တွင် ခိုင်ခိုင်မာမာ ထွက်ပေါ်လာစေရေးကို ရည်ရွယ်၍ လူထုနှီးနှောဖလှယ်ပွဲများကို ဆက်လက်ပြုလုပ် သွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရှိရပါသည်။ ။

Read More...

The Guardian - Desmond Tutu: my tribute to Burma's opposition leader, Aung San Suu Kyi

The Guardian - Desmond Tutu: my tribute to Burma's opposition leader, Aung San Suu Kyi
In the week when Amnesty International awarded Burma's opposition leader Aung San Suu Kyi its highest accolade, Ambassador of Conscience, a fellow Nobel laureate pays tribute
This article was written in response to a feature about Aung San Suu Kyi by Adrian Levy and Cathy Scott-Clark which was published on 11 November 2008
Desmond Tutu
The Guardian, Thursday 30 July 2009

I think of my sister Nobel laureate Aung San Suu Kyi every day. Her picture hangs on the wall of my office, reminding me that, thousands of miles away in Asia, a nation is oppressed. Every day I ask myself: have I done everything I can try to end the atrocities being committed in Burma? And I pray that world leaders will ask themselves the same question. For if they did, the answer would be "no", and perhaps their conscience will finally force them to act.

Humankind has the ability to live in freedom and in peace. We have seen that goodness has triumphed over evil; we have witnessed political transitions in South Africa, and elsewhere, evidencing that we live in a moral universe. Our world is sometimes lacking wise and good leadership or, as in the case of Burma, the leadership is forbidden to lead.

Aung San Suu Kyi has now been detained for more than 13 years. She recently passed her 5,000th day in detention. Every one of those days is a tragedy and a lost opportunity. The whole world, not just the people of Burma, suffers from this loss. We desperately need the kind of moral and principled leadership that Aung San Suu Kyi would provide. And when you add the more than 2,100 political prisoners who are also in Burma's jails, and the thousands more jailed in recent decades, the true scale of injustice, but also of lost potential, becomes heartbreakingly clear.

Like many leaders, Aung San Suu Kyi has had to make great personal sacrifices. It is cruel enough to deprive an innocent person of her freedom. Burma's generals are crueller still. They try to use her as leverage to make her submit to their will. They refused to allow her husband to visit one last time when he was dying of cancer. She has grandchildren she has never even met. Yet her will and determination have stayed strong despite her being kept in detention for so many years.

More than anything, the new trial and detention of Aung San Suu Kyi speaks volumes about her effectiveness as a leader. The only reason the generals need to silence her clarion call for freedom is because they fear her and the principles she stands for. She is the greatest threat to their continuing rule.

The universal demand for human freedom cannot be suppressed forever. This is a universal truth that Than Shwe, the dictator of Burma, has failed to understand. How frustrated must he be that no matter how long he keeps Aung San Suu Kyi in detention, no matter how many guns he buys, and no matter how many people he imprisons, Aung San Suu Kyi and the people of Burma will not submit. The demands for the freedom of Aung San Suu Kyi and all political prisoners of Burma grow louder and echo around the world, reaching even his new capital hidden in central Burma. Words, however, are not enough. Freedom is never given freely by those who have power; it has to be fought for.

The continuing detention of Aung San Suu Kyi and Burma's other political prisoners is a crime and an indictment of an international community that often substitutes the issuance of repeated statements of concern for effective diplomacy. The UN treats the situation in Burma as if it is just a dispute between two sides, and they must mediate to find a middle ground. The reality is that a brutal, criminal and illegal dictatorship is trying, and failing, to crush those who want freedom and justice. The international community cannot be neutral in the face of evil. That evil must be called what it is, and confronted.

Change is overdue to the framework within which the international community approaches Burma. Twenty years of trying to persuade Burma's generals to reform has not secured any improvement. Forty visits by UN envoys have failed to elicit any change. The warm embrace of the Association of South East Asian Nations (Asean) did not improve the behaviour of the regime towards Burma's citizens whether Christian, Buddhist or Muslim. The regime rules with an iron fist and those under its rule have suffered long enough.

Aung San Suu Kyi and her supporters have time and again offered to dialogue with the regime. They offered a path of reconciliation and non-violent transition. Even as Aung San Suu Kyi stood before the regime's sham court, facing five years' imprisonment, we heard her voice loud and strong. She said: "There could be many opportunities for national reconciliation if all parties so wished."

Burma's generals must now face the consequences of their actions. The detention of Aung San Suu Kyi is as clear a signal as we could get that there will be no chance of reform and that the regime's "road map to democracy", including the call for elections, in 2010, is an obstacle to justice.

A new report from Harvard Law School, Crimes in Burma, commissioned by some of the most respected jurists in international law, has used the UN's own reports to highlight how Burma's generals have committed war crimes and crimes against humanity.

Burma's generals are criminals, and must be treated as such. Than Shwe should be held accountable for abominable atrocities: his soldiers rape ethnic women and children, they torture, mutilate and murder at will. In eastern Burma, more than 3,300 ethnic villages have been destroyed, more than in Darfur. Civilians are deliberately targeted and shot on sight.

Than Shwe spurned the compassion of those willing to provide assistance following Cyclone Nargis. Instead, he conducted a referendum and he declared his undemocratic constitution the victor while victims perished from the cyclone's devastation. These are war crimes and crimes against humanity. Than Shwe and the rest of the generals cannot be allowed to go unpunished. The UN must establish a commission of inquiry, with a view to compiling evidence for prosecution. Failure to do so amounts to complicity with these crimes.




An international arms embargo must also be imposed immediately. Those countries supplying arms to Burma are facilitating these atrocities. Countries across the world must declare their support for a global arms embargo, making it impossible for China to resist such a move at the Security Council.
Aung San Suu Kyi and the people of Burma deserve nothing less than our most strenuous efforts to help them secure their freedom. Every day we must ask ourselves: have we done everything that we can? I pledge that I will not rest until Aung San Suu Kyi, and all the people of Burma, are free. Please join me.
Desmond M Tutu is the former Archbishop of Cape Town and recipient of the Nobel peace prize

Read More...

လက်ဗလာထက် ဦးနှောက်ဗလာက ပိုပြီးရှက်ဖို့ကောင်းတယ် [Forum ဂျာနယ်]

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On July - 16 - 2009

ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတော့ ပြန်ပြီး။
‘လက်ဗလာနှင့် ပြန်သွားရပြီး’လို့ မှတ်ချက်ပေးသူတွေ များပါတယ်။ သူ့ခရီးစဉ်ကို အားမလိုအားမရ အတော်ပဲဖြစ်ကြပါတယ်။ အားမလိုအားမရ ဖြစ်သူများကိုလည်း အဆိုးမဆိုသာဘူး။
ဘာကြောင့်ဆို မစ္စတာ ဘန်ကီမွန်း ထောက်ပြတဲ့ အချက် (၃)ချက်၊ ပြောရရင် မစ္စတာ ဘန်ကီမွန်း ဆောင်ရွက်ပေးချင်တဲ့ မစ်ရှင် (၃)ခု။
လက်တွေ့မှာ ဘာဆိုဘာမှ မရခဲ့ဘူး ဖြစ်ခဲ့ပေတာကိုး။
ကြည့်ဦးလေ -
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဆောင်ရွက်ပေးနိုင်ဖို့ နေနေသာသာ တွေ့ခွင့်အကြိမ်ကြိမ်တောင်းတာတောင် ဗိုလ်သန်းရွှေရဲ့ ခေါင်းအခါကို ခံခဲ့ရတာပါ။
၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများနှင့် တွေ့ခွင့်ပေးတော့လည်း ကြည့်ဦး။
တပါတီစီက တင်ပြခွင့် (၂) မိနစ်စီတဲ့။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝမသင့်လျော်ကြောင်း၊ သီးခြားတွေ့ဖို့လိုကြောင်း ထောက်ပြမှ အိပ်ခန်းမှာ (၁၀)မိနစ် ထပ်တွေ့ခွင့်ရခဲ့တယ်။
ဒီလို အနိုင်ရပါတီကြီးတွေကို (၂)မိနစ်စီပဲ စကားပြောခွင့်ပေးတာက ဒီမစ်ရှင် (၃)ရပ်ကို ကိုင်လာတဲ့ အတွင်းရေးမှူးချုပ်ရဲ့ အစီအမံလို့ ကျနော်လုံးဝမယူဆဘူး။ ဒါဟာ ဗိုလ်သန်းရွှေရဲ့ အစီအမံသက်သက်မျှသာ ဖြစ်တယ်။
ဒါပေမယ့် ဒါကို သူ ငြင်းခွင့်မရှိခဲ့ဘူး။ မငြင်းနိုင်ခဲ့ဘူး။
အပစ်ရပ်အင်အားစုတွေနှင့် တွေ့မယ်ဆိုပြန်တော့လည်း လက်ညှိုးထောင်၊ ခေါင်းညိမ့်အဖွဲ့တွေ၊ အားမတန်လို့ မာန်ချထားရတဲ့ သူတွေ၊ ယုံလို့ဖြစ်စေ၊ ပယောဂ တစုံတရာကြောင့်ဖြစ်စေ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပဒေသာပင်ပေါက်သလို ပြောဆိုဝံ့သူတွေနှင့်ပဲ ရွေးပြီး တွေ့ခွင့်ပြုခဲ့သည်။
ဒါဟာ …
ဗိုလ်သန်းရွှေရဲ့ ဇယားတွေပါ။ ဗိုလ်သန်းရွှေ ရွှေ့ချင်သလို ရွှေ့ထားတဲ့ အကွက်တွေဖြစ်ပါတယ်။
ဒါကို ကမ္ဘာပတ်နေတဲ့ နားကြီး မျက်စိကြီး အတွင်းရေးမှူးချုပ်ကြီးက မသိ ဘယ်မှာရှိပါ့မလဲ။
မုချ သိပါတယ်။ သေသေချာချာကို သိပါတယ်။
သိလို့လည်း သံအမှတ်တွေ၊ မီဒီယာသမားတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ သူ ‘လူအ မဟုတ်ကြောင်း’ တရားဝင် အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်သန်းရွှေတို့ကတော့ ဒီခရီးစဉ်မှာ အပိုင်ချည်လိုက်နိုင်ပြီလို့ ထင်ကောင်းထင်ပါလိမ့်မယ်။
ဒါပေမယ့် နိုင်ငံတကာအလယ်မှာ၊ လူတယောက်အလယ်မှာ ခေါင်းမာပြီး ဦးနှောက်မဲ့သူဖြစ်ကြောင်း၊ ဆင်ခြင်တုံတရား ခေါင်းပါးသူဖြစ်ကြောင်း သူကိုယ်တိုင် လူသိရှင်ကြား ၀န်ခံလိုက်သလို ဖြစ်သွားတာကိုတော့ မူလတန်းကလေးတောင် ရိပ်မိနိုင်လောက်ပါတယ်။
မစ္စတာ ဘန်ကီမွန်းက လက်ဗလာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဗိုလ်သန်းရွှေ ဦးနှောက်ဗလာဖြစ်တယ်ဆိုတာကိုတော့ ဒီခရီးစဉ်က ပိုပြီးပိုပြီး
ရှင်းသွားစေတယ်လို့ မှတ်ချက်ချချင်ပါတယ်။ ။ … [ Forum ဂျာနယ် file ]

Read More...

My opinion about this article-The Future of Burma Cannot Be Tied to Aung San Suu Kyi

We Burmese democracy activists do not think sanction is wrong . I believe lifting
sanction is supporting military junta. We know that people are suffering not because
of sanction only,but also very selfishness of military junta mainly.We do not want to hurt this columnist. We agree that everyone have different point of view.
We support Aung San Suu Kyi because she is the only Burmese leader trusted by people
of Burma and all ethnic nationalities.She believe in non- violent activities and democracy.
We support Aung San Suu Kyi because only she can bring national reconciliation together
among our ethnic nationalities.

In solidarity.
Phone Hlaing-FWUBC



Virginia M. MoncrieffInternational Correspondent
Posted: July 15, 2009 10:39 PM

That old chestnut question "name six people you would love to have to dinner" usually holds no surprises. The guest list from many liberal, forward-thinking (and may I also point out -- male) types will include Aung San Suu Kyi. She is regarded as the epitome of elegance and sacrifice. The pinup girl for human rights causes.

And she is amazing.

This seemingly serene and fragile presence, who has been under house arrest for 13 of the past 19 years, has mesmerized us with her martyrdom and noble sacrifice.

But what is all this sacrifice for? What has her house arrest achieved?

It has achieved for Daw Suu (or The Lady as she is known inside Burma) a sometimes self-defeating near-secular saint status. Her position as a figure head who has sacrificed so much has made any chance of sensible debate about Burma almost hopeless. The slightest hint of criticism of her actions brings howls of protest and accusations. (By writing this article I know I will be shouted down). Her selflessness and her symbolism have rendered her beyond and above public criticism among many in the pro-democracy movement and in the greater outside human rights movement.

This is self defeating. No matter how great her sacrifice, the future of one country cannot revolve around the actions and ideas of one person. What has happened to this extraordinary woman is of course criminal. But there are 48 million other Burmese people and they cannot continue to be held captive while the international community listens to, and complies with Daw Suu's policies of sanctions.

Daw Suu's strategy is fundamentally flawed. By maintaining that the regime must be isolated and that Burma must be the target of stringent sanctions only helps the junta reverse further into mad "behind-the-wall" strategies; she is penalizing the very people she aims to assist. Many pro-democracy activists (both inside and outside the country) who strongly support Daw Suu as a figurehead believe she is wrong about sanctions but such is her position, they often decline to say so publicly. And such is her status, that no one in a better and more practical position to try and negotiate Burma moving forward will take the reins from her.

The main battle cry of the National League of Democracy is the restitution of the 1990 election results, when they were overwhelmingly elected. That bird has flown. Nearly 20 years later it is time to come up with some other arguments, definitive strategies, a move towards the negotiation table. Saying "no" to every offer from the junta is simply daft. (Daw Suu's flat out refusal -- without wide consultation -- to refuse the junta's civilian parliament offer was completely mystifying. Her rejection of negotiating anything gets Burma precisely nowhere).

Everything about Daw Suu's cause is just, but some new fresh thinking must be found, some shirking off the old "absolutely no negotiation" policies.

As her sham subversion trial nears its end (in a pretense of due process, "closing arguments" will be heard on July 24) there are few who hold out hope for a not guilty decision for Daw Suu. It would be extraordinary if the junta did a volte-face and miraculously decided that she had no case to answer. We need to free Aung San Suu Kyi. But free or not, we must start talking about the other 48 million Burmese.

Aung San Suu Kyi
Burma

http://www.huffingtonpost.com/virginia-moncrieff/the-future-of-burma-canno_b_234757.html#comments

Read More...