THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES OF UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

ဒေါ်အောင်ဆန်းစုကြည်ကို အိုင်အယ်အိုအရာရှိ တွေ့ဆုံရှင်းပြ

2010-12-20
ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လည် ၂ နာရီလောက်က အိုင်အယ်အို ညှိနှိုင်းရေးအရာရှိ မစ္စတာ စတိဗ် မာရှယ်ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း အိုင်အယ်အို အဖွဲ့အစည်းအနေနဲ့ လုပ်ဆောင်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြ ဆွေးနွေးခဲ့တယ်လို့ မစ္စတာ စတိဗ် မာရှယ်က RFA ကို ပြောပါတယ်။


(Photo: AFP)

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးမှ ထွက်ခွာသွားစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေ့လည်က တွေ့ဆုံခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း၊ သူ့အနေနဲ့ အိုင်အယ်အို လုပ်ဆောင်နေတာတွေကို ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်း အိုင်အယ်အို အနေနဲ့ လုပ်ဆောင်နိုင်ခွင့် ရှိတဲ့ အတိုင်းအတာအရ လုပ်ဆောင်နေတွေကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ အဓိက ဆွေးနွေးခဲ့တဲ့ ကိစ္စတွေကတော့ အဓမ္မ လုပ်အားပေး စေခိုင်းနေတဲ့ကိစ္စ၊ ခလေးစစ်သားကိစ္စ၊ လူကုန်ကူးမှု စတဲ့ ပြသနာတွေကို ဆွေးနွေးခဲ့ကြောင်း၊ အလွန်ကောင်းမွန်တဲ့ ဆွေးနွေးပွဲတရပ် ဖြစ်ကြောင်း မစ္စတာစတိမာရှယ်က ပြောပြသွားပါတယ်။


ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ပွဲမှာ မစ္စတာ စတိဗ် မာရှယ်နဲ့အတူ လက်ထောက် ညှိနှိုင်းရေးအရာရှိလည်း လိုက်ပါတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

Read More...