THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES OF UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

[Ye Yint Thet Zwe] ကမ္ဘာကြီးက သိပါတယ်

အမေ
လွတ်လပ်ခြင်း ကောင်းကင်မှာ
ငြိမ်းချမ်းရေး ချိုးငှက်တို့
အထောင်အသောင်း ပျံသန်းလာကြပြီ ။

အမေရဲ့
ခြောက်ဆယ့်နှစ်နှစ်မြောက်မွေးနေ့ကို
နောက်ထပ် တနှစ်
အကျယ်ချုပ် သက်တမ်းတိုးခြင်းနဲ့
ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒတွေကို
ခြေမွ ဖျက်ဆီး ပြလိုက်ပြီလေ ။

အမေနဲ့ပြည်သူလူထုကြီးအပေါ်
သူတို့
ရက်စက်နိုင်တာထက်
ပိုပြီး ရက်စက်ခဲ့ကြတယ် ။

နှိပ်စက်နိုင်တာထက်
ပိုပြီး နှိပ်စက် ခဲ့ကြတယ် ။

မိုက်တွင်းနက်နိုင်တာထက်
ပိုပြီး မိုက်တွင်းနက်ခဲ့ကြတယ် ။

အမေရဲ့ 
ခံနိုင်ရည်စွမ်းအား
သားတို့
ဟောဒီ ရင်ဘတ်ကြီးတွေနဲ့
မြင်တွေ့ခံစား ခွန်အား ဖြစ်စေခဲ့တယ် ။

အမေရေ
ဗမာတပြည်လုံးနဲ့
ကမ္ဘာကြီးတခုလုံးရဲ့
ချစ်ခြင်းမေတ္တာတရား
အမေ့အပေါ်မှာ လွှမ်းခြုံလို့ထားကြတယ် ။

ကမ္ဘာ့ရွာကြီး တခုလုံး
ခြိမ့်ခြိမ့်သဲသဲ
အမေ့ရဲ့ မွေးနေ့ပွဲတွေ ကျင်းပနေချိန်မှာ
အမေ့ရဲ့ လွတ်မြောက်ရေးအတွက် တောင်းဆိုနေချိန်မှာ
အမေကတော့
သည်းခံ ခွင့်လွှတ်ခြင်းနဲ့
မေတ္တာတရားကသာလျင်
အရာရာကို အောင်နိုင်လိမ့်မယ် ဆိုတဲ့
ဘုရားရှင်ရဲ့ တရားတော်ကို
နှလုံးသွင်း ဆင်ခြင် အာဏာရှင်တွေကို
တိုက်ပွဲဝင်နေမယ်ဆိုတာ
သားတို့ သိသလို
ကမ္ဘာကြီးကလဲ သိကြပါတယ် အမေ ။

အမေ့ရဲ့ မွေးနေ့မှာ
အမေ သက်တော် ရာကျော် ရှည်စေကြောင်း
ဆုမွန်တောင်းရင်း
အမေ့ရဲ့ ဉီးဆောင်မှုအောက်မှာ
သားတို့
ပြည်သူလူထုကြီးတရပ်လုံး
ညီညီညွတ်ညွတ် နဲ့
ခေတ်တခေတ်ကို ထုဆစ်သွားမယ် ။

(ဒေါ်အောင်ဆန်းစုကြည် ၏ ၆၂နှစ်မြောက် မွေးနေ့သို့)

0 comments: