THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES OF UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသောအဖွဲ့ အစည်းများအကြား ထိရောက်စွာပူးပေါင်းဆာင်ရွက်နိုင်သွားရန် ညိုနှိုင်းစည်းဝေး။


ယနေ့ (၁၆-၀၅-၂၀၁၀)နေ့ တွင် ဂျပန်နိုင်ငံတိုကျိုမြို့ ရှိ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ အစည်း(AUN-Japan)ရုံးခန်းတွင် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးကို ဆောင်ရွက်နေသောအဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရန် အထူးအစည်းအဝေး တစ်ခုကို ကျင်းပခဲ့ရာ အောက်ပါ အခမ်းအနား(၂)ခုကို အားလုံးလက်တွဲ ကျင်းပသွားရန် သဘောတူ ဆုံးဖြတ်ခဲ့ပါသည်။

(၁) (၇)နှစ်မြောက် ဒီပဲယင်းနှစ်ပတ်လည်အခမ်းအနား။
(၂)၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဂျပန်ရောက်မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ။

(၁) (၇)နှစ်မြောက် ဒီပဲယင်းနှစ်ပတ်လည် အခမ်းအနားကို လာမည့်(၃၀-၀၅-၂၀၁၀)နေ့ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ နအဖ အခွန်ရုံးရှေ့ တွင် ညနေ(၃)နာရီမှ (၅)နာရီ အထိအဖွဲ့ အစည်းအားလုံးပူးပေါင်း ဆောင်ရွက်ကျင်းပသွားရန် သဘောတူညီခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လွတ်မြောက်နယ်မြေ(ဂျပန်ဌာနခွဲ) NLD-LA-JAPAN မှအခမ်းအနားမှူးတာဝန်ကို တာဝန်ယူရန်အများ သဘောတူ ဆုံးဖြတ်ခဲ့သည်။

(၂) ၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ အဆိုပါ အခမ်းအနားကို BURMA PARTNERSHIP ၏ GLOBAL CAMPAIGN အနေဖြင့် ဂျပန်နိုင်ငံရှိ မြန်မာ့နိုင်ငံရေးအဖွဲ့ အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ၊ ယခင်ကတည်းက ဂျပန်နိုင်ငံတွင် ပြုလုပ်သွားရန် ဂျပန်နိုင်ငံရှိ နိုင်ငံရေး အဖွဲ့ အစည်းများက စီစဉ်နေခဲ့သော အစီအစဉ်ဖြစ်သည်။ အခမ်းအနားကို
အိခဲဘုခုရို ရှိ ခင်းခိုးပလာဇာ(7-F)တွင် လာမည့်(၁၃-၀၆-၂၀၁၀)နေ့ ၌ မွန်းလွဲ (၁) နာရီမှ (၅)နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး အခမ်းအနားမှူးတာဝန်ကို မြန်မာ့ဒီမိုကရေစီရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ(JAC) မှတာဝန်ယူရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

သတင်းမှတ်တမ်း။ ကိုဘုန်းလှိုင်
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)

0 comments: